Earn Something by Gaining Android Badge

What is it about ?

Stackoverflow.com မှာ Android Badge(link) ကို ၆ လအတွင် ပထမဆုံးရတဲ့သူကို MMAUG မှ 25 USD Play Store Gift Card (or Steam Gift card ?) + One "Android One" phone ပေးပါမယ်။

How to get the badge

Earn at least 100 total score for at least 20 non-community wiki answers in the android tag.

Android tag နဲ့ဆိုင်တဲ့ (အနည်းဆုံး အဖြေ ၂၀) အဖြေတွေမှာ Vote up တစ်ခုကို point တစ်ခုအနေနဲ့ count လုပ်ပါတယ်။ point တွေကို ပုံမှန်အားဖြင့် 03:00 UTC မှာ update လုပ်ပါတယ်။

Why

ပုံမှန်အားဖြင့် ကျွန်တော်တို့ တစ်ခုခုရှာတယ်ဆိုရင် Stackoverflow က Answers & Questions တွေ တက်လာဖို့များပါတယ်။ တစ်ခါတစ်လေလည်း ကိုယ်သိတဲ့ဟာ စိတ်ဝင်စားတဲ့ဟာဆိုရင် ဝင်ဖြေပေးလေ့ရှိသလို ရှာလို့မရ၊ မေးလို့မရတဲ့ဟာဆိုရင်လည်း မေးခွန်းအသစ်အနေနဲ့ မေးလေ့ရှိကြပါတယ်။

ရည်ရွယ်ချက်တစ်ချို့ကတော့

  • စိတ်ဝင်စားစရာ ကောင်းတဲ့ မေးခွန်းတစ်ချို့ကို ဖြေကြည့်ရင်းနဲ့ မသိသေးတဲ့အရာတစ်ခု သိရှိသွားရန်
    ( You will gain knowledge by trying to answer some interesting question. )
  • တစ်ယောက်ယောက်ရဲ့ အခက်အခဲကို ကူညီနိုင်ရန် ( You might be making someone else's life easier. )

Some ground rules

  • MMAUG Member ဖြစ်ဖို့လိုပါတယ်။ ( Member ဖြစ်ရန် ကိုယ့် friend တစ်ယောက်က group ထဲမှာ ရှိဖို့ လိုပါတယ် 😉 )
  • First come first served.
  • The event will end by 31st December 11:59 pms
  • ရပြီးသားလူများမပါပါ. ( Sorry Hein Win Toe 😜 )
  • Profile မှာ Location က Myanmar ဖြစ်ရပါမယ်။ ( Location နဲ့ filter လုပ်လို့ရအောင်ပါ )
  • တကယ်ကောင်းတဲ့ မေးခွန်း / အဖြေများကလွဲရင် တစ်ယောက်အဖြေ / မေးခွန်းကို နောက်တစ်ယောက်က vote up လုပ်ခြင်းအားဖြင့် cheat မလုပ်ပါနဲ့။
  • ရသွားပြီဆိုရင် MMAUG မှာ post တင်ပြီး ပြောပြနိုင်ပါတယ်။

Some tips

  • Reputations ထက် ကိုယ်တစ်ခုခုသိသွားတာက ပိုတန်ဖိုးရှိပါတယ်။ Take this chance to learn something new or help someone.
  • Dummy app တစ်ခုမှာ code တွေကို try ကြည့် run ကြည့်ပါ။ ပုံမှန်အားဖြင့် Sample code ပါတဲ့ Detail ကျတဲ့ အဖြေတွေဆိုရင် ပိုပြီး Vote up ရပါတယ်။ 😎
  • Myanmar နိုင်ငံက Top Android User တွေကို StackExchange Data မှာ Query လုပ်ပြီးကြည့်နိုင်ပါတယ်။ Data က နည်းနည်းကြာမှတော့ update ဖြစ်ပါတယ်။